(၁) သင်္ဘောသီးဟာ မျက်နှာပြင်က အမည်းစက်တွေကို ကင်းစင်ပြီး မလှမပနဲ့
ဝါဖန့်ဖန့်အသားအရည်ကို အရောင်ပြန်လည်တောက်ပလာစေတယ် . . . .
(၂) ပျားရည်ကို
မျက်နှာပြင်မှာ လိမ်းပေးပြီး ၁၀မိနစ်ထား ပြီး ရေနွေးလေးနဲ့ သန့်စင်ပေးမယ်
မျက်နှာသစ်ပေးမယ် ဆိုရင် မျက်နှာအသားအရည်ကို ချေးညော်ကင်းစင်သန့်ရှင်းပြီး
ချောမွေ့စေနိုင်တယ် . . . . .
(၃) သခွားသီးအစေးလေးနဲ့ မျက်နှာကို ပွတ်ပေး ပြီင်္း
ရေအေးလေးနဲ့ မျက်နှာသစ်ပေးမယ် ဆိုရင်လေ မျက်နှာအသားအရည်ပျော့ပြောင်းပြီး
အရေပြားလေးကို တင်းရင်းနေစေတယ်တဲ့ . . . .
(၄) ကြက်ဥ က အနှစ် နဲ့မျက်နှာပြင်ကို
လိမ်းထားပြီး ခြောက်သွေ့ရင်ရေနွေးလေးနဲ့ မျက်နှာသစ်ပေးခဲ့ရင်
အဆီများတဲ့မျက်နှာပြင်ပေၞက ချေးညော်တွေကို သန့်စင်စေပါတယ်တဲ့၊
မှဲ့ခြောက်တွေ၊ တင်းတိပ်တွေရှိသူတွေအတွက် လည်း သက်သာပျော်ကင်းစေပါတယ်
တဲ့ . .
(၅) အကာက အသားအရေကို တင်းရင်းစေတာမို့ အကာလေးနဲ့ပေါင်းတင်ရင်
မျက်နှာပြင်မှာ ပါးရည်တွန့်သူတွေ အတွက် အသုံးဝင်ပါတယ်တဲ့ အကာရည်လေးကို
ပါးပြင်မှာ လိမ်းထားပြီး ခြောက်သွေ့တာနဲ့
(ရေနွေးနွေးလေးနဲ့)မျက်နှာသစ်ပေးရတယ်လေ...ပြီးမှ ရေအေးလေးနဲ့
ထပ်သစ်ရတယ်အဲလိုလုပ်လိုက်ရင် မျက်နှာမှာ တင်းရင်းပြီး
ကြည်စင်သွားသလိုခံစားရတာ လှနိုင်ကျပါစေဗျာ