1။ မိမိပန်းတိုင်းကို တိကျပြတ်သားစွာ သတ်မှတ်ပါ..
မိမိအဖို့ မည်သည့်အလုပ်ကိုလုပ်လိုကြောင်း
ပြတ်ပြတ်သားသားသိမြင်ပြီးသူအနေဖြင့် မိမိလုပ်လိုသည်ကတခြာ်း ဖြစ်နေသည့်အပေါ်
ပိုပြီးပင် သိသိသာသာတွေ့မြင်နိုင်ပါလိမ့်မည်။ မိမိ၏
ရည်မှန်းချက်ပန်းတိုင်ကို မိမိနှင့်လျော်ကန်ကိုက်ညီမှုရှိစေရန် ကြိုးစားပြီး
ညိုနှိုင်းဆောင်ရွက်ရပါမည်။ မိမိ၏ အဆုံးစွန်သောရည်မှန်းချက်ပန်းတိုင်ကို
မိမိကိုယ်တိုင်သိရှိရမည်။ ထို အဆင့်သို့မရောက်မီကြားခံအဆင့်တွင် ဘာတွေ
ဖြတ်သန်းရမည်ဆိုသည်ကို သိရှိရမည်။ မည်သို့ စတင်လုပ်ဆောင်ရမည်ဆိုသည်ကိုလည်း
သိရှိပြီးဖြစ်ရပါမည်။
2။ ဦးစားပေးအဆင့်ခွဲပါ..
အချိန်ကို စနစ်တကျစီမံခန့်ခွဲပါ။ သို့မှသာ မိမိတကယ်တမ်းလုပ်၇န်
လိုအပ်သည့်အလုပ်ကို လုပ်ဆောင်နိုင်ရုံမျှမက မိမိအတွက် အရေးအကြီးဆုံး၊
အကျိုးအရှိဆုံးဖြစ်မည့်
အလုပ်များလုပ်ဆောင်နိုင်ရန်လည်းအချိန်ကျန်ရှိနေပေလိမ့်မည်။
အကောင်းဆုံးရလဒ်ထွက်ပေါ်စေမည့် လုပ်ငန်းနယ်ပယ် ထဲတွင်
စိတ်ရောကိုယ်ပါမြှုပ်နှံလုပ်ကိုင်ရမည်၊ အရေးမပါ အရာမေ၇ာက်သော
ဗာဟီရလုပ်ငန်းများ ဖြင့် မိမိကိုယ်မိမိစိတ်ရှုပ်အောင်မလုပ်ဆောင်သင့်ပါ။
3။ အပြောင်းအလဲလုပ်နိုင်ပါစေ..
အကျင့်ဆိုသည်မှာ စွဲမြဲသွားလျှင်ဖျောက်ဖျက်ရန်ခဲယဉ်းလှသည်။ လူသည်
မိမိလုပ်ဆောင်နေကျ ဘ၀ပုံစံအချိုးအစားအတိုင်း သမားရိုးကျခေါက် ရိုးကျိုး
အရိုးဆွေးနေသည့် ပုံစံကြီးဖြင့်သာ လုပ်ကိုင်တတ်ကြပြီး
လမ်းမှန်ကမ်းမှန်အဖြစ် စွဲစွဲမြဲမြဲကျင့်သုံးမြဲ ကျင့်သုံးနေတတ်ကြသည်။
တကယ်တော့ လိုအပ်လျှင်ပြောင်းလဲ လုပ်ကိုင်ရပေမည် အလုပ်တစ်ခုကို မိမိလုပ်နေကျ
စာအုပ်ကြီးထဲက အတိုင်းမဟုတ်ဘဲ။ တခြားသောနည်းလမ်းများဖြင့်လည်း
စမ်းပ်လုပ်ကိုင်ကြည့်သင့်သည်။ ထိုသို့ အကျင့်မျိုး
အသားကျပြောင်းလဲတတ်မှသာလျှင် အကျဉ်းအကျပ်ထရြောက်ချန် နည်းဗျူဟာ
အပြောင်းအလဲများကို လျင်မြန်စွာ ပြုလုပ်နိုင်ပေလိမ့်မည်။
4။ တာဝန်ယူပါ.
လုပ်ငန်းခွင်အတွင်း လုပ်ငန်းကိုထိခိုက်စေသော ပြသနာများနှင့်
ရင်ဆိုင်ကြုံတွေ့ကြရသည့်အခါ များသောအားဖြင့် တာဝန်ယူ ပြေလည်အောင်
နည်းလမ်းရှာ ဖြေရှင်းပေးရမည့်အစး ဟိုလူ့ခေါင်းပေါ်ပုံချသည်
ဒီလူခေါင်းပေါ်ပုံချ လုပ်တတ်ကြသည်။ ထိုသည်မှာ လုပ်ငန်းတိုင်း၊ဌာနတိုင်းလိလိ
အများဆုံးတွေ့ရတတ်သော အချက်ဖြစ်သည်။ တကယ်တော့ အမှားအယွင်းဆိုသည်မှာ
မိမိအတွက် နောက်တစ်ကြိမ်တွင်အမှန်တွေ့နိုင်ရန် လုပ်ဆောင်ပေးသည့်
အခွင့်အလမ်းတစ်ရပ်ပင်ဖြစ်ကြောင်းသိတတ်သင့်သည်။ အမှားကို
သင်ခန်းစာယူခြင်းဖြင့် နောင်မမှားအောင် ရှောင်ကြဉ်နိုင်ပါလိမ့်မည်။
5။ အလုပ်ဖြစ်အောင်ဆက်ဆံပါ..
မိမိအလုပ် အဆင်ပြေချောမွေ့စွာ ပြီးမြေက်အောင်မြင်ရန်မှာ
အလုပ်ခွင်ရှိ တစ်ခြားလုပ်ဖော်ကိုင်ဖက်များနှင့် အဆင်ပြေပြေဆက်
ဆံနိုင်ဖို့လိုအပ်လှသည်။ ထိုသိုပ ပြုလုပ်ရာတွင်
လုပ်ကိုင်ခွင့်ကိုမျှဝေသုံးစွဲခြင်းး၊ လွတ်လပ်ပွင့်လင်းစွာ
စုပေါင်းဆွေးနွေးအဖြေရှာခြင်း၊ စိတ်ကူးအကြံညဏ်နှင့် သတင်းအချက်အလက်များကို
မျှဝေအသုံးပြုခြင်းတို့ ပါနီင်သည်။ အလုပ်သဘောဆက်ဆံရေးသို့ရောက်ရှိစေရန်
အစွမ်း ကုန်ကြိုးစား စွန့်စားဆောင်ရွက်ရန်လိုသည်။ စွန့်စားဖိုပဆိုသည်က
တခြားသူများအား ပြုပြင်ပြောင်းလဲလာစေရန် ကြိုပမ်းအားထုတ်ဖိုပမဟုတ်ပါ။
ပြသနာဖြစ်စေမည့်ဆက်ဆံေ၇းမျိုးမှ တိုးတက်ကောင်းမွန်လာစေရန် မိမိဘက်မှ
စတင်ပြီး ပြုပြင်ဖို့ အားထုတ်ဖို့သာ ဆိုလိုပါသည်။
6။ဇွဲရှိပါ..
မျှော်လင့်မထားသော အောင်မြင်မှုမျိုးနှင့် ကြုံလာလျှင်
မည်သို့တုံ့ပြန်ပါမည်နည်း။ မျှော်လင့်ချက်များ လဲပြိုပျက်စီးသွားသော
အခြေအနေမျိုးသည် စိတ်ပျက်စရာဖြစ်ကောင်းဖြစ်ပေသည်။ သို့သော် လက်မြှောက်
အရှုံးပေးသင့်သောပြသနာတော့မဟုတ်ပါပေ၊ ဇွဲရှိခြင်းဆိုသည်မှာ
လေကြောင်းအတိုင်းချိန်ရွှယ်တိုင်းဆပြီး ရွက်လွှင့်ရသည်နှင့်တူသည်။
ဖြစ်ပေါ်လာသော အခြေအနေသစ်များကို လိုက်နာအဆင်သင့်သလို တုံ့ပြန်ရန်လိုအပ်
သည်မှာ မှန်ပင်မှန်ငြားသော်လည်း ထိုသို့ အလိုက်သင့်ပြောင်းလဲမှုကြောင့်
မိမိ၏ အဓိက ဦးတည်ရည်မှန်းချက်များ လွဲချော်မသွားစေရန်
ဂရုစိုတ်တည့်မတ်ရန်လိုပေသည်။.....
ဖတ်သန်းရမည